သတင်းများ

အောင်မြေသာစံမြို့နယ်၊ အထက(၄)တွင် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု၊ ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှု (GBV)အသိပညာပေးဟောပြော ပွဲပြုလုပ်
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက် တာလှုပ်ရှားမှု၊ ကျား/မ ရေးရာ အခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေးအစီအစဉ်အဖြစ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ တစ်နာရီက မန္တလေး၊အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်း(အမျိုးသမီးကျောင်း)၊ နဝဒေးခန်းမတွင်ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့်အဖွဲ့ဝင်များ၊ အောင်မြေသာစံခရိုင် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်၊ ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုး၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ခိုင်နှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊  ကျောင်းအုပ်ဆရာမကြီး  ဒေါ်မူမူသန်း နှင့်ဆရာမများ၊ ကျောင်းသူ များ တက်ရောက်ကြသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်းကုန်းကျေးရွာ ရိုးရာအိုးလုပ်ငန်း စတင်လုပ်ကိုင်နေ
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာတွင် ခေတ်အဆက်ဆက်လုပ်ကိုင်သည့် ရိုးရာအိုးလုပ်ငန်းပြန်လည်စတင်လုပ်ကိုင်နေပြီဖြစ်ကာအိုးအမျိုးမျိုးစတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း တောင်ကုန်းကျေးရွာ အိုးလုပ်ငန်းရှင် ဦးနေလင်းကပြောကြားသည်။
ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၅) နှစ်​​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ ​ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွား​စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် (၇၅)နှစ်​မြောက်စိန်ရတုလွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ဒဂုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) ၌ ယမန်​နေ့နံနက် ၁၀နာရီက ကျင်းပခဲ့‌ကြောင်း သိရသည်။
စာဖတ်စာငှား ကျောင်းသားကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များအား အခမဲ့စနစ်တကျငှားရမ်းပေး
Dec 08,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူလူငယ်‌လေးများအား ပညာရေး ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့်အခြားသောထွေထွေဗဟုသုတများ ရရှိတိုး ပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်
လသာမြို့နယ်တွင် ရှေးဦးပြုစုခြင်းအကြောင်း သိ‌ကောင်းစရာ‌ဟောပြော လက်တွေ့သရုပ်ပြအသိပညာပေး
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အခြေခံကျန်း မာရေးအသိပညာများ တိုးပွားလာစေရေးနှင့် ရှေးဦးပြုစုခြင်းများကို သိရှိနားလည်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အန္တရာယ်ကင်းရှင်းရေးနှင့် သင်တန်းဌာနတို့ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၂)လသာ၊ မြညီလာခန်းမတွင် ‌ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Dec 08,2022
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိ‌စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉:၃၀)အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်‌၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်းသိရသည်။
ချောင်းဦးမြို့နယ်၌ ကြက်သွန်နီ စျေးကောင်းရရှိ၍ ပိုမိုစိုက်ပျိုးလာကြ
Dec 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ကျေးလက်နေတောင်သူများ ယခုနှစ် ဆောင်းရာသီတွင် ကြက်သွန်နီ စျေးကောင်းရရှိနေသဖြင့် တနိုင်တပိုင် ပိုမိုစိုက်ပျိုး လာကြကြောင်း ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူလူထူအတွက် တီဘီရောဂါနှင့် အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်း (အခမဲ့) ကွင်းဆင်းဆောင်ရွက်
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်း တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၆)ရပ်ကွက် အလိုတော်ပြည့်ဓမ္မဗိမာန်တွင် ယမန်နေ့ နံနက်(၉)နာရီတွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ တီဘီရောဂါနှင့်အထွေထွေရောဂါများကို ခေတ်မီဓါတ်မှန်စက်ကြီးများနှင့် (အခမဲ့) ရောဂါရှာဖွေကာ ပြည်သူလူထူအတွက် ကုသပေးလျက်ရှိကြောင်း သိရသည်။