သတင်းများ

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး၊ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများအား မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံဆွေးနွေး
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့်နွေစပါး၊ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွေစပါး၊ ပဲတီစိမ်းစိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြက်တက်ညောင်ပင်နှင့် ကြွယ်ဂံကျေးရွာများသို့သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေး
Dec 08,2022
သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက  ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့်  အခြေခံပညာအထက်တန်းကျောင်း အထက(သနပ်ပင်) ကျောင်းသားကျောင်းသူလေးများ စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အသိပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
သရက်ချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Dec 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ လ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ကျင်းပ
Dec 08,2022
လူငယ်များ အသိပညာဗဟုသုတများ ပိုမိုတိုးတက်ရရှိစေရန်၊ စကားပြောအတတ်ပညာများ တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝင့်စွာ ပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း တစဦးနှင့်တစ်ဦး ရင်းနှီးခင်မင်စွာ ပူးပေါင်းနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်တို့ကို ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းလျက် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။
မြိတ်မြို့တွင် ဆီအုန်းမျိုးစပ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း ရက်တိုသင်တန်းဖွင့်
Dec 08,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရွှေဒူးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မြိတ်)မှ ကြီးမှူး၍ ဆီအုန်းမျိုးစပ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း ရက်တိုသင်တန်းကို   ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် ဒေသထွက်ကွမ်းသီးများပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိ
Dec 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့်မြို့ဖြစ်ပြီး ဒေသနေပြည်သူအများစုမှာ တစ်ပိုင်တစ်နိုင်ဉယျာဉ်ခြံမြေလုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက်ကွမ်းသီးအခြောက်များ ပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
မူဆယ်မြို့အတွင်း သန့်ရှင်းသာယာလှပစေရန် ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်း
Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင် ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် အချိန်က မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် မူဆယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  သန့်ရှင်းရေးလုပ်ငန်းများကို  ရာသီမပျက် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။
နတ်မောက်မြို့၌ သဘာ၀ဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 08,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာ၀ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။