သတင်းများ

တာချီလိတ်မြို့၌  TSDP အစီအစဉ်အရ အားကစားပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Dec 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP) အရ လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမား ကောင်းများပေါ်ထွန်းလာစေရန် အားကစားပွဲတော်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှစ၍ မြို့မအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ကြောင်း သိခဲ့သည်။
တာလေမြို့၌ ကက်သလစ်ခရစ်ယာန်သာသနာ နှစ်(၁၀၀)ပြည့် ဂျူဗလီပွဲတော်ကျင်းပ
Dec 08,2022
မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုရှိသည်နှင့်အညီ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့၌ မိုင်းလင်းကက်သလစ်ခရစ်ယာန်သာသနာ နှစ်(၁၀၀) ပြည့် ဂျူဗလီပွဲတော်ကို  မိုင်းလင်းကျေးရွာရှိ ကက်သလစ်ဘုရား ရှိခိုးကျောင်းဝင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့မှ ယနေ့ထိ သုံးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက် အခြေခံပညာအထက်တန်း(တပ်နယ်) ကျောင်းတွင် လူငယ်များ အသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ပံတန်း-ကျုံလဟာလမ်းပိုင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လက်ပံတန်း-ကျုံလဟာလမ်းပိုင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်နေမှုအခြေအနေတို့အား မြို့နယ်တာဝန်ရှိသူများ ယမန်နေ ့နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် သင်္ချာနှင့်အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 08,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် သင်္ချာနှင့်အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က  လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမဆောင်နှင့် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတို့၌ ကျင်းပခဲ့သည်။
ကာလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Dec 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.မ.က(မိုင်းယိုင်း) ကျောင်းတို့ ပူးပေါင်းပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  “ခေါင်းဆောင်မှုနဲ့စီမံခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Dec 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား လူငယ်များ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရေး၊ စာပေများမှတစ်ဆင့် ဗဟုသုများ တိုးပွားလာစေရေး၊ မြန်မာစာ၊ မြန်မာစကားအသုံးအနှုန်းများကို မှန်ကန်စွာ ပြောဆိုတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “ခေါင်းဆောင်မှုနှင့် စီမံခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။
မရမ်းကုန်းမြို့နယ်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှား အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 08,2022
“အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ်ရေးအားလုံးပေါင်းစုလှုပ်ရှားပေး” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း(ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့သည်။