သတင်းများ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး လူမှုစီးပွားဘဝဖွံဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Dec 08,2022
ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများဖွံဖြိုး တိုးတက်လာစေရန် လမ်းပန်းဆက်သွယ်ရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်နိုင်ရေးသည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက် ၇ နာရီက ကျောက်တံတားမြို့နယ်အတွင်းရှိလမ်းများ ရပ်ကွက်များအတွင်း မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်နေမှု လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်း​နောင်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းမြေပေါ်ရောက်ရှိနေသော ဓာတ်တိုင်များ ရွေ့ပြောင်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် လမ်းမြေပေါ်ရောက်ရှိနေသော ဓာတ်တိုင်များရွေ့ပြောင်းနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။
ကလောမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Dec 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများသည် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း သို့လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို   ယနေ့နံနက်(၉) နာရီအချိန်က အဆိုပါကျောင်း၌ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ၀န်ကြီးနှင့်အဖွဲ့သည် ဆရာ/ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
Dec 08,2022
နိုင်ငံတော်အစိုးရအနေဖြင့်  ပညာရေးကဏ္ဍမှာ အခြေခံပညာကဏ္ဍ၊   အဆင့်မြင့်ပညာကဏ္ဍတို့မှာ သာမက နည်းပညာ၊ သက်မွေးပညာကဏ္ဍမှာလည်း ကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု၊   သင်ယူမှုအခွင့်အလမ်းများ၊   ကျွမ်းကျင်မှုအရည်အသွေး  အဆင့်မြှင့်တင်ခြင်း သင်တန်းများ  ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာရာ၀န်ကြီး ဦးမျိုးအောင်နှင့် အဖွဲ့၀င်များသည် ဆရာ/ရောမများ၊ လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်တန်းကျောင်းခန်းမတွင် ယမန်နေ့မွန်းလွဲ (၃) နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများပြုလုပ်
Dec 08,2022
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ဆိုင်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြသထားရှိခဲ့ပါသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးအထောက်အကူပြုစေရန်အတွက် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးမှု ယနေ့အထိ စုစုပေါင်း ၃၈၄၂.၅ ဧက စိုက်ပျိုးပြီးစီး
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဖူလုံရေး အထောက် အကူဖြစ်စေရန်အတွက်၊ ဆီထွက်သီးနှံဆောင်းနေကြာများ စိုက်ပျိုးလျက်ရှိရာ တစ်မြို့နယ်လုံး စိုက်ဧက (၁၂၃၄၇) ဧကလျာထားသည့်အနက်၊ ယနေ့အချိန်ထိ ပုံမှန်စိုက်ပျိုးသည့် ဒေသများမှ (၂၉၂၅) ဧက စိုက်ပျိုးပြီးစီးကြောင်းနှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စမ်းသပ်စိုက်ပျိုးသည့် ကျေးရွာများမှ (၉၁၇.၅) ဧက စိုက်ပျိုးထားရှိရာ၊ စုစုပေါင်း (၃၈၄၂.၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အမ်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်
Dec 08,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၃) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်‌ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ရွှေမြို့၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စတုတ္ထအကြိမ် အင်းလေးကန်ဖြတ် စက်ဘီးစီးနင်းပွဲ ပြုလုပ်မည်
Dec 08,2022
ရှမ်းပြည်နယ်၊ အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူပေါင်းဆောင်ရွက်မည့် စတုတ္ထအကြိမ် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းခြင်းကို ဒီဇင်ဘာ(၁၁)ရက်၌ ညောင်ရွှေမြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။