သံတောင်ကြီး ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက သတ္တမအကြိမ် မြစိမ်းရောင်ရန်ပုံငွေပြန်လည် ထုတ်ချေးခြင်းကို မြသာကုန်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးချမ်း ငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များအချင်းချင်းစည်းလုံးညီညွှတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ
ဆက်လက်အောင်မြင်အောင်ဆောင်ရွက်ကြရန်၊ စာရင်းဇယားများ ပြည့်စုံအောင်ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်း ချေးငွေဖြင့် လုပ်ငန်းများအမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့်အတိုးများ ပြန်လည်ပေးဆပ်ကြရန် ပြောကြားခဲ့ပြီး မြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသင်းသားများအား ရန်ပုံငွေများပြန်လည် ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်ရန်ပုံငွေဖြင့် မြသာကုန်းကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၇) ဦး အတွက် ငွေကျပ် (၃၄၂) သိန်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သ (၁၁) ဦးအတွက် ငွေကျပ် (၄၂) သိန်း၊ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ (၅) ဦးအတွက် ငွေကျပ် (၃၀) သိန်း စုစုပေါင်းငွေကျပ် (၄၁၄) သိန်း ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ