ရှမ်းရွာသစ် ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာ စေရန်ရည်ရွယ်၍ ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရှမ်းရွာသစ်မြို့ သန္တိသုခ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဓမ္မစကူးလ်သင်တန်းတွင် (၁)တန်းမှ(၆)တန်းအထိ အတန်းလိုက် သင်ခန်းစာစာအုပ်များကို ကလေးများ၏ ဉာဏ်ရည်အလိုက် ရဟန်းပညာရှိ၊ လူပညာရှိများ စုပေါင်းတိုင်ပင်၍ ရေးဆွဲထားသဖြင့် ကလေးများပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်လာစေမှာဖြစ်ကြောင်း၊ ဓမ္မစကူးလ်ကျောင်းသည် တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာ တစ်မနက်သာ တက်ရောက်ရသဖြင့် အတန်းပညာရေးကို အဟန့်အတားမဖြစ်စေသည့်အပြင် ကိုယ်ရောစိတ်ပါပြုပြင်ထားသော လူငယ်လေးများ ဖြစ်လာရန် ရည်ရွယ်၍ သင်ကြားရပေးခြင်းဖြစ် ကြောင်း၊ ဓမ္မစကူးလ်သင်တန်းသည် အသိဉာဏ်ပြည့်ဝပြီး တိုင်းပြည်နှင့်လူမျိုးသာသန်ာကို စောင့်ရှောက်ကြ မည့် သားကောင်း၊ သမီးကောင်းများဖြစ်လာကြရန်အတွက် ကလေးငယ်များ တက်ရောက်ရန် လိုအပ်ကြောင်း စသည်ဖြင့် ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဓမ္မစကူးလ်သင်တန်းတွင် ဆရာ/မ (၆)ဦးမှ ကျောင်းသား/သူ (၉၆)ဦးတို့ကို အပတ်စဉ်တနင်္ဂနွေ နံနက် (၉)နာရီမှ (၁၁)နာရီအချိန်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)