ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာတွင် မိုးစပါးစိုက်ပျိုးရိတ်သိမ်းအပြီး မုန်လာဥအပင်များ စတင်စိုက်ပျိုး

ရေဖြူ ဒီဇင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာတွင် မိုးစပါးစိုက်ပျိုး ရိတ်သိမ်းအပြီး မုန်လာဥဖြူပင်များ ယခုဒီဇင်ဘာလမှစ၍ စတင်စိုက်ပျိုးလျက်ရှိသည်။

အဆိုပါ နတ်တွင်းကျေးရွာသည် လယ်လုပ်ငန်းပြီးချိန်တွင် ဟင်းသီးဟင်းရွက်မျိုးစုံကို တောင်သူများက ထပ်မံစိုက်ပျိုးကြသည်။ မုန်လာဥဖြူကို အဓိကစီးပွားဖြစ်စိုက်ပျိုးကြပြီး ငရုတ်၊ ချဉ်ပေါင်၊ ပန်းမုန်လာ၊ ဗူးသီးပင်များစိုက်ပျိုးကြသည်။

တောင်သူတစ်ဦးလျှင် မုန်လာဥပင်များ စတင်စိုက်ပျိုးသည့်ရက်မှစ၍ ၄၅ ရက်ပြည့်လျှင် နှုတ်သိမ်းကြပြီး ထားဝယ်မြို့တွင်သွားရောက်ရောင်း ချကြသည်။ တောင်သူတစ်ဦးလျှင် အနည်းဆုံး (၁၅) သိန်းမှ (၄၅) သိန်းအထိ ဝင်ငွေရရှိကြသည်။ နတ်တွင်းကျေးရွာ တောင်သူများ အနေအဖြစ် မုန်လာဥကို အဓိကထားစိုက်ပျိုးကာ မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းက ရရှိကြကြောင်းသိရသည်။

ခတ္တာ