မုံရွာ ဒီဇင်ဘာ 9
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေးအသိပညာ ပေးခြင်းများကို စဉ်စက်မပျက် ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီမှ ၉ နာရီအထိ မုံရွာမြို့ ရန်ကင်းရပ်ကွက် ကျောက္ကာလမ်း ပေါ်၌ သွားလာသော ပြည်သူများအတွက် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (Mask Campaign) ဆောင်ရွက်မှုတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးသူ ဦးဆောင်မှုနှင့်အတူ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်ပါဝင်သော အဖွဲ့ အင်အား(၃၀)ဦးတို့က ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာပါက မဖြစ်မနေ Mask များ စနစ်တကျတပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားခဲ့ပြီး Mask များ မတပ်ဆင်ဘဲ သွားလာနေကြသော ပြည်သူများ အား Mask (၅၀၀)ခုကို အခမဲ့ဖြန့်ဝေ ပေးခဲ့ပြီး Mask နာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)