လက်ပံတန်းမြို့နယ်(Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

လက်ပံတန်း  ဒီဇင်ဘာ  ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက  အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်ဖွံ့ဖြိုးစေရန်၊ အင်္ဂလိပ်ဘာသာစကားလုံးဝေါဟာရများကြွယ်ဝစေရန်၊ နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမှတစ်ဆင့် သက်ဆိုင်ရာဘာသာရပ်များကို လေ့လာသင်ယူရာတွင် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပါသည်။ အဆိုပါ ပြိုင်ပွဲတွင်မူလတန်းအထက်ဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးမင်းထွန်းနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်/ခဲတံများပေးအပ်ကာ လက်ဖက်ရည်နှင့်မုန့်များ ကျွေးမွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)