ကျောက်ဖြူ ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေဒေသခံပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင် ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူ များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကျောက်ဖြူမြို့မစည်ပင်သာယာဈေးကြီးနှင့် နာရီစင်ရှေ့လမ်းဆုံနေရာတို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့၊ အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်မျိုးသီဟ ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူသွားလူလာများသည့် မြို့မ စည်ပင်သာယာဈေးကြီးရှေ့နှင့် နာရီစင်ရှေ့လမ်းဆုံနေရာများသို့သွားရောက်ပြီး ၎င်းနေရာများ၌ ဖြတ်သန်းမောင်းနှင်လာသည့် အနှေး ယာဉ်မောင်းနှင်နေသူများ၊ အငှားယာဉ်မောင်းနှင်သူများနှင့် ဆိုင်ကယ်ယာဉ်မောင်းများကို ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင် ၂၀၀ ကျော်အား အခမဲ့ဝေငှပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဉပဒေများပါ ယာဉ်မောင်းသူများသတိပြုရမည့် အကြောင်းအရာများ၊ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဉပဒေများမှ ပုဒ်မ-၇၅၊ ပုဒ်မ-၇၆၊ ပုဒ်မ-၈၁၊ ပုဒ်မ-၈၄ နှင့် ပုဒ်မ-၈၅ ပါ ယာဉ်မောင်းသူများ သတိပြုရမည့်အချက်များကို ကျူးလွန်ပါက ကျခံနိုင်သည့်ပြစ်ဒဏ်များ၊ ကားမောင်းနေစဉ်တွင် လိုက်နာရမည့် အသိပညာပေးများနှင့် လမ်းညွှန်အမှတ်အသားများ၊ မှား/မှန် သရုပ်ပြပုံများ စသည့်အသိပညာပေးများ ဝေဝေဆာဆာဖော်ပြပါရှိကြောင်း သိရသည်။
တင်ထွန်းဦး ၊ဖြိုးဝေလင်း(ပြန်/ဆက်)