သတင်းများ

ဂန့်ဂေါမြို့ မြစ်သာခန်းမတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Dec 17,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈)နာရီ အချိန်က ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမတွင် ခန်းမအတွင်း/ အပြင်ရှိ အမှိုက်သရိုက်များ၊ ပေါင်းပင်/ မြက်ပင်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပပြီး ကဗျာရွတ်ဆိုပွဲကျင်းပ
Dec 17,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည် ။
တောင်သာမြို့ အခြေခံပညာအထက်တန်းကျောင်း ၌ လူငယ်စကားဝိုင်းကျင်းပ
Dec 17,2022
တောင်သာမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်စကားဝိုင်းကိယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (တောင်သာ) နဝရတ် ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခြင်း
Dec 17,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်၊ လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မအိမြို့တွင် ဒေသထွက် တောတွင်းသစ်ခွမျိုးစိပ်များ  ယခင်နှစ်များထက် ဈေးကောင်းရရှိ
Dec 17,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင်ဒေသထွက် တောတွင်းသစ်ခွမျိုးစိပ်များမှာ ယခင်နှစ်များထက်ဈေးကောင်းရရှိသဖြင့် ရှာဖွေရောင်းချသူများနှင့် ဝယ်ယူသူများအကြား အဆင်ပြေအဝယ်လိုက်လျက်ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်
Dec 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယား ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့နံနက် ၈နာရီခွဲအချိန်က အမှတ်(၇)ရပ်ကွက်၊ တောရကျောင်းတာပေါ်၌ ပေးအပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ ကဗျာဆရာများ၏  သူတို့အရေး သူတို့အတွေး ဆွေးနွေးပွဲ ကျင်းပ
Dec 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကဗျာဆရာများ၏ သူတို့အရေး သူတို့အတွေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ် မြို့မဈေးတွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Dec 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့် မီးလောင်ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။