တံတားဦး ဒီဇင်ဘာ ၁၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည် ။
အခမ်းအနားတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က မော်တော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ်စီးနင်းလာသူများအား ယာဉ်မောင်းများလိုက်နာရမည့်အချက်များ၊ ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်တွင် နောက်ကြည့်မှန်တပ်ဆင်စီးနင်းကြရန် ဒါ့အပြင် ၂၀၂၀-ပြည့်နှစ် ထုတ်ပြန်ထားသည့် မော်တော်ယာဉ် ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးတို့က ပြန်လည်ဖြေကြားပေးကြသည်။ အဆိုပါအခမ်းအနားသို့ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီအရာရှိနှင့်ဝန်ထမ်းများ၊ တံတားဦးမြို့အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ သူများ၊ ဆရာ/ မများ တက်ရောက်ကြသည်။ ဆက်လက်၍ ကျောင်းသား/ သူများ အသိပညာဗဟုသုတတိုးပွားရေးနှင့် နှုတ်မှုစွမ်းရည်မြင့်မားရေးအတွက် ကဗျာရွတ်ဆိုပွဲကျင်းပပေးပြီး ကျောင်းသား/ သူများအား မြို့နယ်ဦးစီးအရာရှိ ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးကြောင်း သိရသည်။
ဦးရဲတင့်( ပြန်/ ဆက်)