ဂန့်ဂေါမြို့ မြစ်သာခန်းမတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဂန့်ဂေါ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈)နာရီ အချိန်က ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမတွင် ခန်းမအတွင်း/ အပြင်ရှိ အမှိုက်သရိုက်များ၊ ပေါင်းပင်/ မြက်ပင်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍ မြစ်သာခန်းမ အတွင်း/အပြင်ရှိ အမှိုက်သရိုက်များ၊ ပေါင်းပင်/ မြက်ပင်နှင့် ခြုံနွယ်ပိတ်ပေါင်းများအားစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။    

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာသို့ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ ဆက်)