သတင်းများ

နောင်ချိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်
Dec 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် (အကြို) အသိပညာပေး ဟောပြာပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို နိုဝင်ဘာလ ၁၅ရက်နေ့ မွန်းလွဲ (၁)နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေးထပ်ဆင့် ရှင်းလင်းခြင်းနှင့် Cross-Check စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်
Dec 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေးထပ်ဆင့် ရှင်းလင်းခြင်းနှင့် တိုင်းတစ်တိုင်းလုံးအတွင်းရှိ မှတ်ပုံတင်တူနေသူများနှင့် ရပ်/ကျေးအတွင်း မှတ်ပုံတင်တူနေသူများအား Cross-Check စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု စုပေါင်း လမ်းလျှောက်ပွဲများ ပြုလုပ်
Dec 17,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များကို စုပေါင်းဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရိုင်/မြို့နယ်နှင့်မြို့များတွင် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲ (တတိယပတ်) ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
သရက်မြို့၌ ကျေးလက်တိရစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲ ကျင်းပ
Dec 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျေးလက်တိရစ္ဆာန် ကျန်းမာရေးသင်တန်းဆင်းပွဲ ကျင်းပခြင်းကို ယနေ့ နံနက်(၁၀)နာရီက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ရုံးတွင် ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဌာနဆိုင်အကြီးအကဲများနှင့် သင်တန်းသားများ  တက်ရောက်ကြသည်။
စလင်းမြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စလင်းအော်တိုအိတ်ချိန်းဝန်ထမ်းများမှ MPT SIM Card မှတ်ပုံတင်ခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေး
Dec 17,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ MPT သုံးစွဲသူများအား MPT SIM Card မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်‌နေ့ နံနက် ၉ နာရီ ၃၀မိနစ် အချိန်က စတင်ပြုလုပ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
စဉ့်ကူးမြို့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ
Dec 17,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယနေ့နံနက် ၈နာရီအချိန်က စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်အတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်များ နှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး
Dec 17,2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုကချင်ပြည်နယ် နေ့အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကဏ္ဍများတွင် စံပြုလောက်အောင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အား ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း  ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲနှင့် လမ်းလျှောက်ပွဲ တက်ရောက်အားပေး
Dec 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)အရ ကျောင်းအခြေပြု အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက အမှတ် (၂)ချစ်ကြည်ရေး တံတားထိပ်တွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပြိုင်ပွဲကို သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။