တောင်သာမြို့ အခြေခံပညာအထက်တန်းကျောင်း ၌ လူငယ်စကားဝိုင်းကျင်းပ

တောင်သာ   ဒီဇင်ဘာ   ၁၇

တောင်သာမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်စကားဝိုင်းကိယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (တောင်သာ) နဝရတ် ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စကားဝိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း(တောင်သာ)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်ကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က ဦးဆောင်ဆွေးနွေးပြီး  Grade-9 မှ မောင်ဟိန်းထက်စံက လူငယ်နှင့်ပညာရေး၊ Grade-7မှ မဖူးသစ်ဝေ က Grade-7 မှ လူငယ်နှင့်ယဉ်ကျေးမှု၊Grade-9 မှ မသဲသဲက လူငယ်နှင့် ကျန်းမာရေး၊ Grade-7  မှ   မောင်အောင်ကောင်းမြတ် က လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က ဆွေးနွေးချက်များအပေါ် ဖြည့်စွက်၍ ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါ စကားဝိုင်းသို့ အခြေခံပညာအထက်တန်းကျောင်း(တောင်သာ)ကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)