နောင်ချိုမြို့နယ် မြို့မဈေးတွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

နောင်ချို ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့် မီးလောင်ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့မဈေးတွင် ဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်စေရန် ရုတ်တရက်မီးလောင်မှုနှင့်ကြုံတွေ့ပါက မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နိုင်ရန် အသုံးပြုပုံများနှင့် ဝါယာကြိုးများမှတစ်ဆင့် မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် အချက်များကို ဈေးသူ၊ ဈေးသားများအား ရှင်းလင်းခြင်းနှင့် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ရေလှောင်ကန်များ စစ်ဆေးခြင်း၊ မီးပေါ့ဆမှု မရှိစေရေး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)