ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်

ညောင်တုန်း ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယား ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့နံနက် ၈နာရီခွဲအချိန်က အမှတ်(၇)ရပ်ကွက်၊ တောရကျောင်းတာပေါ်၌ ပေးအပ်ခဲ့သည်။

ထိုသို့ ဖြန့်ဖြူးပေးအပ်ရာတွင် မြို့နယ်ဓာတ်မြေဩဇာဖြန့်ဖြူးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာ ဦးစီးမှူးနှင့် ဝန်ထမ်းအများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၀)အုပ်စုမှ တောင်သူ(၂၀၅)ဦးအတွက် နွေစပါးစိုက်ပျိုးရာတွင် အသုံးပြနိုင်ရန် ဒီဇင်ဘာလပထမပတ် အတွက်ရရှိသည့် ယူရီးယား ဓာတ်မြေဩဇာ(၆၁၀)အိတ်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ ဆက်)