ရန်ကုန် ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ကုန်စည် ဈေးနှုန်းများမြင့်တက်မှု ကိုထိန်းချုပ်နိုင်ရေး အတွက်ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားများဖြင့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်းနှင့်သာသနာ့ရိပ် သာလမ်းတောင့်တွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး ခဲ့ကြောင်းသိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဆန်ချော(၁) အိတ်လျှင် (၁၃၈၀၀) ကျပ်နူန်းဖြင့် (၁၀)အိတ်၊ ဆန်ကြမ်း(၁)အိတ် လျှင်(၁၀၀၀၀)ကျပ်နူန်းဖြင့် (၇)အိတ်၊ ဆီ(၁) ပိဿာလျှင် (၄၇၅၀)ကျပ်နူန်းဖြင့်(၁၁၀)ပိဿာ၊ ကြက်ဥ(၁)လုံးလျှင်(၁၉၅)ကျပ် နူန်းဖြင့် (၁၀၇၀) လုံး၊ ငါး(၁)ကောင်(၆၀၀၀)ကျပ်နူန်းဖြင့် (၁၅)ပိဿာ၊ ဝက်သား(၁)ပိဿာ (၁၃၀၀၀)နူန်းဖြင့် (၁၅)ပိဿာ၊ ဆိတ်သား(၁)ပိဿာ(၂၂၀၀၀) ကျပ်နူန်းဖြင့်(၁၀) ပိဿာ၊ ကြက်သား (၁)ပိဿာ(၇၅၀၀) ကျပ်နူန်းဖြင့်(၁၅)ပိဿာ၊ အမဲသား(၁)ပိဿာ (၁၃၀၀၀)နူန်းဖြင့် (၃)ပိဿာတို့အား ပြည်သူများ သက်သာစွာဝယ်နိုင်ရေး အတွက်ရောင်းချခဲ့ပြီး ဗဟန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးအဖွဲ့တို့မှပူးပေါင်း ပါဝင်ကူညီဆောင်ရွက်၍ ဒေသခံ ပြည်သူများ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)