ညောင်ရွှေမြို့နယ် နန်းသီတာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်
Dec 09,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့်အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာအုပ်စာစောင်ပြပွဲ ဆောက်ရွက်ခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း တို့ကိုဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ(၈)ရက်နံနက်(၁၀)နာရီက ညောင်ရွှေမြို့နယ်၊ နန်းသီတာကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ နယ်လှည့်ဟောပြောပွဲနှင့် နယ်လှည့်စာအုပ် စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။