မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန၌ Book Clubအဖွဲ့နှင့် ရေးသူ/ဖတ်သူ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မြောင်းမြ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁:၃၀ နာရီက Book Club အဖွဲ့နှင့်ရေးသူ၊ ဖတ်သူစာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် ဆရာနေခြည်မောင်(မြောင်းမြ) ရေးသားသည့် “ရွှေစင်အလှ မြန်မာ့သနပ်ခါး“ဗျူဟာကောင်း" “ရင်ထဲမှာပွင့် ပန်းတစ်ပွင့်" ကဗျာများဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ Book   Club အဖွဲ့ဥက္ကဋ္ဌ ဆရာဦးညီဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ဝင်များဖြစ်ကြသော ဆရာမကြီး ဒေါ်အုန်းကြိုင်က “ဗျူဟာ‌ကောင်းကဗျာဖြင့် ဦးဆောင်ဆွေးနွေးပြီး၊  ဆရာထက်ဝေကျော်က  “ရွှေစင်အလှ မြန်မာ့သနပ်ခါး၊  ဆရာမဒေါ်ဌေးဌေးဦးနှင့် ဆရာဦးကျော်ရဲအောင်က “ရင်ထဲမှပွင့် တစ်ပွင့်ပန်း ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး၊ တက်ရောက်လာကြသူများက ကဗျာပါအကြောင်းအရာများကို ထင်မြင်ယူဆချက်များ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာသူများ၏ ဆွေးနွေး‌မေးမြန်းချက်များ၊ ကဗျာပါအရေးအသားအသုံးအနှုန်းများ၊ ရည်ရွယ်ချက်များကို ဆရာနေခြည်မောင်(မြောင်းမြ)က ပြန်လည်ရှင်းလင်း​ဆွေးနွေးခဲ့သည်။    ​

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)