မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးရည်ရွယ်လျက် ဒီဇင်ဘာအားကစားလ အားကစားပြိုင်ပွဲများ မုံရွာမြို့တွင် ကျင်းပ

မုံရွာ ဒီဇင်ဘာ ၁၈

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရေးရည်ရွယ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် အားကစားနှင့်ကာယပညာကော်မတီကကြီးမှူးကာ ဒီဇင်ဘာအားကစားလ အားကစားပြိုင်ပွဲများနှင့် ဆုများချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဒီဇင်ဘာအားကစားလအားကစားပြိုင်ပွဲများအဖြစ် လွန်ဆွဲပြိုင်ပွဲ၊ အာလူးကောက်ပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ်ပြေးပြိုင်ပွဲ၊ စကောရွက်အပြေးပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ရာတွင် ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများအား မုံရွာမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)