ကျောက်ဆည်မြို့နယ်၊ ဒါန်းကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ လိုအပ်လျက်ရှိသည့် စာသင်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေး

ကျောက်ဆည်   ဒီဇင်ဘာ   ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်  အခြခံပညာရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာနှစ်အလိုက် အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသည့် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးသည့်အပြင် ပြင်ဆင်ရမည့်ကျောင်းဆောင်များအား ပြင်ဆင်ပေးခြင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ကျောင်းဝန်အုတ်တံတိုင်းများကာရံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာသင်ကျောင်းဆောင်လိုအပ်လျက်ရှိသည့် ဒါန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ လိုအပ်လျက်ရှိသည့် စာသင်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိရာ (၈၅)ရာခိုင်နှုန်းကျော်ပြီးစီပြီဖြစ်ကြောင်း ဒါန်းကျေးရွာကျောင်းအုပ်ဆရာကြီး ဦးကျော်မင်းထိုက်ကပြောပြ၍ သိရှိရသည်။

အဆိုပါကျောင်းဆောင်သစ်အားနိုင်ငံတော်ခွင့်ပြုရန်ပုံငွေ(၉၆.၀၇၂)ကျပ်သန်းဖြင့် NOBLE MYINT MO ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ယူကာ အလျား(၉၀)ပေ၊ အနံ(၃၀)ပေ၊ Steel Structure (၁)ထပ်ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းနှင့် ကျောင်းဆောင်အသစ်ဆောက်လုပ်ပြီးပါက ကျောင်းသား/ကျောင်းသူများ စာသင်ကြားရာတွင် ပို၍ထိရောက်အောင်မြင်တော့မည်ဖြစ်ကြေင်း သိရှိရသည်။

ဒါန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ KG တန်းတွင် ကျောင်းသား/ကျောင်းသူ (၁၈)ဦး၊ Grade-1 တန်းတွင် ကျောင်းသား/ကျောင်းသူ(၂၉)ဦး၊ Grade-2 တန်းတွင် ကျောင်းသား/ကျောင်းသူ(၂၈)ဦး၊ Grade-3 တန်းတွင် ကျောင်းသား/ကျောင်းသူ(၁၃)ဦး၊  Grade-4 တန်းတွင် ကျောင်းသား/ကျောင်းသူ(၁၆)ဦး၊ Grade-5 တန်းတွင် ကျောင်းသား/ကျောင်းသူ(၁၅)ဦး ပညာသင်ကြားလျက်ရှိပြီးကြောင်း သိရသည်။

သက်မောင်