ရွှေဘိုတက္ကသိုလ်တွင်လူကုန်ကူးမှု၊ မူးယစ်​ဆေးဝါးတားဆီးကာကွယ်​ရေးနှင့်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြော​ဆွေး​နွေးပွဲ အခမ်းအနားကျင်းပ

ရွှေဘို ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် ဒီဇင်ဘာ ၁၆ ရက်နေ့နံနက် ၁၀နာရီအချိန်က၊ လူကုန်ကူးမှု၊ မူးယစ်​ဆေးဝါးတားဆီးကာကွယ်​ရေးနှင့်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြော​ဆွေး​နွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ​ ရွှေဘိုတက္ကသိုလ်ပါ​မောက္ခချုပ် ဆရာမကြီး​ ဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကား​ပြောကြားပြီး၊​ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူး​ ဌေး​အောင်က နှုတ်ခွန်းဆက်စကား​ပြောကြားကာ မူးယစ်​ဆေးဝါးတားဆီးကာကွယ်​ရေးအတွက်၊ မြန်မာနိုင်ငံနှင့် စိတ်ကြွ​ဆေးပြဿနာ၊ မူးယစ်​ဆေးအမျိုးအစားများ၊ သုံးစွဲသူခံစားရသည့်လက္ခဏာများ၊ မူးယစ်​ဆေးဝါးပ​ပျောက်​အောင် ပူး​ပေါင်းနှိမ်နင်းကာကွယ်ရန်​ အကျယ်တဝင့်​ဆွေး​နွေးပြောကြားခဲ့သည်။

ဆက်လက်၍​ ရွှေဘိုခရိုင် ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး​ကျော်​ဇေယျကယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​ရေးအတွက် သိရှိလိုက်နာရမည့်အချက်များ၊ ဥပ​ဒေနှင့်ပြစ်မှူပြစ်ဒဏ်များ အကျယ်တဝင့်​ပြောကြားခဲ့ပြီး၊ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်း​ရေးရဲတပ်ဖွဲ့စိတ်(ရွှေဘို)မှ တပ်ဖွဲ့စိတ်မှူးရဲအုပ်မင်းခိုင်က နိုင်ငံတကာနှင့် မြန်မာနိုင်ငံလူကုန်ကူးမှုအ​ခြေအနေ၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်းအစီစဉ်မျာအား အသိပညာ​ပေး​ဆွေး​နွေးခဲ့​ကြောင်း သိရပြီး အသိပညာ​ပေးလက်ကမ်းစာ​​စောင်များ ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

ထို့​နောက် ​ရွှေဘိုတက္ကသိုလ်ပါ​မောက္ခချုပ်ဆရာမကြီး​ ဒေါက်တာမျိုးမျိုးက​ အသိပညာ​ပေး​ဟော​ပြော​ဆွေး​နွေးသူများအား ဂုဏ်ပြုလက်​ဆောင်များ​ပေးအပ်ခဲ့​ကြောင်း သိရသည်။​ ဟော​ပြော​ဆွေး​နွေးပွဲသို့၊​ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ​ဒေါက်​တာမျိုးမျိုး၊ ဒုပါ​မောက္ခချုပ်​ဒေါက်တာတင်တင်ရီနှင့် ပါ​မောက္ခဌာနမှုးကထိက၊ နည်းပြ၊ သရုပ်ပြဆရာဆရာမများ​မော်ကွန်းထိန်းနှင့်​ ကျောင်းသား​၊ ကျောင်းသူ(၂၅၀) ​ကျော် တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)