ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ရွှေပြည်သာ ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများ ရှိလာစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ရုံးတွင် လမ်းသွားလမ်းလာခရီးသွား ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးစစ်ကြောင်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ် ပြည်သူများ လိုက်နာကြရန် နှင့် နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်ရေး အသိပညာပေးကာ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဆက်လက်၍ လည်း ကျန်းမာရေးစစ်ကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများက နှာခေါင်း(Mask)များကို ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)