သတင်းများ

မြေပုံမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာစံလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 10,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေပုံမြို့၊ သဲတန်းရပ်ကွက်ရှိ ဆရာစံလမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က  ၎င်းလမ်းမကြီး၌ ကျင်းပပြုလုပ်သည်။
ရပ်စောက်မြို့နယ်၌ အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ
Dec 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အသက်(၁၈)နှစ်အောက် အခြေခံ ပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၈)နာရီမှစတင်ကာ ညနေ ၃:၃၀ အချိန်အထိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ရပ်စောက်) ကျောင်းဝန်းအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်း ၂၀၂၂- ၂၀၂၃ ခုနှစ်၊ နွေစပါး စိုက်ပျိုးထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စက်လုပ်ငန်းရှင်များ၊ သွင်းအားစု ကုမ္ပဏီများနှင့် တောင်သူများ အထူးတွေ့ဆုံပွဲ ကျင်းပ
Dec 10,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ ဆန်စက်လုပ်ငန်းရှင်များ၊ သွင်းအားစုကုမ္ပဏီများနှင့် တောင်သူများ အထူးတွေ့ဆုံပွဲ အခမ်းအနားကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တိုင်းအဆင့် ဌာဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ့လယ်ယာ စီးပွားနှင့် အများပိုင် ကုမ္ပဏလီမိတက်မှ တာဝန်ရှိသူများ၊ နေပြည်တော်ဒေသကော်မတီ ဆန်စပါးအသင်းမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ်အတွင်း ကံကြီး-ရုံးကုန်း ဆောင်းနေကြာ စိုက်ခင်း ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံ
Dec 10,2022
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် အတူ ခရိုင်၊မြို့နယ်ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့နယ်အတွင်း ကံကြီး-ရုံးကုန်း ဆောင်းနေကြာစိုက်ခင်း ကြည့်ရှုစစ်ဆေးကာ ဒေသခံ တောင်သူ များနှင့် တွေ့ဆုံပြီး၊ ဖန်းခါးစမ်းပျိုး ဥယျာဉ် စံပြတမာစိုက်ခင်း၊ ချောင်းတိမ်ချောင်း ရေထွက်ပေါက်ပိတ်ဆို့ခြင်းနှင့် မကွေးမြို့နယ် ဒေါင်းနေ အမြဲတမ်း ပျိုးဥယျာဉ် တမာပျိုးပင်များ ပျိုးထောင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နောင်မွန်းမြို့နယ်၌ (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့ကို ပထမဆုံးအကြိမ် စည်ကား သိုက်မြိုက်စွာ ကျင်းပ
Dec 10,2022
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် အမျိုးသားရေးစိတ်ဓါတ် မြင့်မာလာပြီး စည်းလုံးညီညွတ်မှုပို မိုခိုင်မာလာစေရန်နှင့် အမျိုးဘာသာသာသနာနှင့် စာပေယဉ်ကျေးမှုကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်း၌ မြို့နယ်လုံးကျွတ် ပါဝင်စုပေါင်း ကာပထမအကြိမ်အဖြစ် စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက်သော ကျေးရွာများနေ ရေလုပ်သားတောင်သူများအတွက် မတည်ငွေများ လွှဲပြောင်းပေးအပ်
Dec 10,2022
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာကော်မတီများထံ ငါးလုပ်ငန်းဦးစီးဌာနမှ မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ညောင်တုန်းမြို့နယ်တွင် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာဂုဏ်ထူး​ဆောင်နှင့် ဝိသုဒ္ဓိမဂ်စာ​မေးပွဲ ကျင်းပ
Dec 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သာသနာ​ရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာ​ရေးဦးစီးဌာနမှ ကြီးမှုကျင်းပသော (၇၁)ကြိမ်မြောက် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာဂုဏ်ထူး​ဆောင်နှင့် ဝိသုဒ္ဓိမဂ်စာ​မေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီက (၁)ရပ်ကွက်၊​ သာသနာလင်္ကာရကျောင်းကြီး​ကျောင်းတိုက်ရှိ ကုဏ္ဍလာရာမ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Dec 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီတွင် အ.ထ.က-က(၁)ကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။