ပုဇွန်တောင်မြို့နယ်တွင် အသက် ၁၈ နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း လူရွေးပွဲကျင်းပ

ပုဇွန်တောင် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အသက် ၁၈ နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ လူရွေးပွဲကို ယနေ့ နံနက်ပိုင်းမှစတင်၍ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ဗိုလ်တထောင်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယကျန်းမာဖွံ့ဖြိုးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားစေရန်၊ အားကစားတစ်ခေတ် ဆန်းသစ်မြင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုကို အခြေခံမှစ၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်တတ်မြောက်စေရန်၊ အားကစား ပြုလုပ်ခြင်းဖြင့်  ကျန်းမာရေးကောင်းကျိုးများ ရရှိစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ခေတ္တပညာရေးမှူး ဦးသန်းထွန်းအောင်ထံမှ သိရသည်။

အဆိုပါ မြို့နယ်အဆင့် အသက် ၁၈  နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ လူရွေးပွဲသို့ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံညာကျောင်းများမှ ကျောင်းသားကျောင်းသူ များက ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ  ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာ ၁၂ ရက်နေ့တွင်လည်း ဘတ်စ်ကတ်ဘောပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများ အသင်းလိုက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ တင်းရသည်။

ဟန်စုယဉ်