သတင်းများ

သာပေါင်းမြို့နယ်၊ အခြေခံပညာ အလယ်တန်းကျောင်း (အစုကြီး)၌ စိမ်းလန်းမြေ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲကျင်းပ
Dec 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ "စိမ်းလန်းမြေ” ကျောင်းစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရေများ ပက်ဖြန်း၍ ဖွင့်လှစ်ပေးခဲ့ကြ သည်။
မင်းဘူး(စကု)မြို့နယ်၏ အထင်ကရနေရာများတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားသဖြင့် ခရီးသွားလည်ပတ်သူ များပြားနိုင်
Dec 10,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၏ အထင်ကရနေရာ များတွင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် လာမည့် ပွင့်လင်းရာသီတွင် ခရီးသွားလာ လည်ပတ်သူများ၊ အများအပြား ဝင်ရောက်ပြီး အဆင်ပြေချောမွေ့စွာ လေ့လာလည်ပတ် နိုင်မှာဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်က ပြောသည်။
ဒုတိယအပတ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ကျောက်ဆည်မြို့တွင် ပြုလုပ်
Dec 10,2022
ဒုတိယအပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျောက်ပွဲကို ကျောက်ဆည်မြို့ ပြည်သူ့အား စကားကွင်းတွင် ယနေ့နံနက်(၆)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့်  တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်နှင့် ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်စေရန်နှင့် သက်တမ်းစေ့ နေထိုင်နိုင်ရေး စသည့်အကျိုးကျေးဇူးများ ရရှိစေရန်အတွက် ပျော်ရွှင်စွာ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ပြင်ဦးလွင်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ
Dec 10,2022
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ခရိုင်အဆင့် ရှာဖွေ ကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၂) ဆင်းပွဲ ကို ယမန်နေ့ ညနေ (၄) နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၀) ရှိ ပြင်ဦးလွင်ခရိုင် မီးသတ်စခန်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည် ။
သာစည်မြို့၌ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ဒုတိယပတ်ဆက်လက်ကျင်းပပြုလုပ်
Dec 10,2022
မန္တလေးတိုင်းဒေသကြီး   သာစည်မြို့တွင်  ဒီဇင်ဘာလ  လူထုစုပေါင်းလမ်း လျှောက်ပွဲ ဒုတိယပတ်ကို  ဒီဇင်ဘာ ၁၀ရက် နံနက် ၅ နာရီခွဲက ဆက်လက်ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 10,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီး ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့တွင် လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမား(၁၇)ဦးအား အကျိုးခံစားခွင့်များ ပေးအပ်
Dec 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား(၂၇)ဦးအား မကျန်းမာမှု၊ ဆေး ကုသစရိတ်နှင့်ခရီးစရိတ်များကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်လူမှုဖူလုံရေးရုံးတွင် ပေးအပ်ခဲ့သည်။
သံတွဲမြို့၌ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ
Dec 10,2022
တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးအတွက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅:၃၀နာရီက သံတွဲမြို့ ဒွါရာဝတီမြို့မ ဈေးရှေ့မှစတင်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ကျောင်းသားသူများနှင့် ‌ဒေသခံပြည်သူများစုစုပေါင်း ၂၀၀ ဦးခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက် မြိုက်စွာပါဝင်ဆင်နွဲ့ခဲ့ကြသည်။