မြောက်ဦးမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြော

မြောက်ဦး  ဒီဇင်ဘာ 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ လှုမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခမ်းမ၌ ယနေ့နံနက် ၁၀ နာရီအ ချိန်က ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်မှ အဖွင့် အမှာစကား ပြောကြားပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်မှ ကမ္ဘာပေါ်ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ လိပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်စေရန်ရည်မှန်းပြီး ၁၉၉၁ ခုနှစ်မှ စတင်ကာ Women's Global Leadership Institute မှ ဦးဆောင်ပြီး အမျိုးများအား အကြမ်း ဖက်မှု ဆန့်ကျင့်သည့် (၁၆) ရက်တာလှုပ်ရှားမှုများကို နှစ်စဉ် နိုဝင်ဘာ (၂၅) ရက်နေ့မှ ဒီဇင်ဘာ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်မှစတင်၍ (၁၆) ရက်တာ လှုပ်ရှားမှုကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကာ UN / INGO / NGO  များ၊ အမျိုးသမီးရေးရာတက်ကြွစွာ လှုပ်ရှားနေသောအဖွဲ့များနှင့် အသိပညာဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ၊ Billboard စိုက်ထူခြင်းများ စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ NGO အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထာသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)