အ.ထ.က ပုသိမ်ကြီးကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Dec 10,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ် ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိပြီး၊ ဘက်စုံထူးချွန်ထက်မြတ်သူများ ဖြစ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပခြင်းကို ဒီဇင်ဘာ ၉ရက် နံနက် ၁၀နာရီက အထက ပုသိမ်ကြီးကျောင်း၌ ကျင်းပခဲ့သည်။