ညောင်တုန်းမြို့နယ်တွင် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာဂုဏ်ထူး​ဆောင်နှင့် ဝိသုဒ္ဓိမဂ်စာ​မေးပွဲ ကျင်းပ

ညောင်တုန်း ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သာသနာ​ရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာ​ရေးဦးစီးဌာနမှ ကြီးမှုကျင်းပသော (၇၁)ကြိမ်မြောက် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာဂုဏ်ထူး​ဆောင်နှင့် ဝိသုဒ္ဓိမဂ်စာ​မေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီက (၁)ရပ်ကွက်၊​ သာသနာလင်္ကာရကျောင်းကြီး​ကျောင်းတိုက်ရှိ ကုဏ္ဍလာရာမ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီးဌာန တို့က ကြီးကြပ်၍ အဘိဓမ္မာ(ရိုးရိုး) ပထမအဆင့် (၆၉)ဦး၊ ဝိသုဒ္ဓိမဂ် ပထမအဆင့် စာမေးပွဲ ဖြေဆိုသူ(၂)ဦး စုစုပေါင်း (၇၁)ဦး ဖြေဆိုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက် ပေးကြောင်း သိရသည်။

 မြို့နယ်(ပြန်ဆက်)