နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက်သော ကျေးရွာများနေ ရေလုပ်သားတောင်သူများအတွက် မတည်ငွေများ လွှဲပြောင်းပေးအပ်

မြစ်ကြီးနား ဒီဇင်ဘာ ၁၀

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက် မြစ်ကြီးနား မြို့နယ် အတွင်းရှိ ကျေးရွာကော်မတီများထံ ငါးလုပ်ငန်းဦးစီးဌာနမှ မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။

မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရာတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်က နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ် လုပ်မှုများ တိုးမြှင့်နိုင် ရေးအတွက် ရင်းနှီးမတည်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြော ကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာမြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက်မည့် မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နယ်မြေ (၆)နှင့် ခေါင်ဖူးကျေးရွာဟောင်း ကျေးရွာတွင် ရေလုပ်ငန်း လုပ်ကိုင်သူ (၈၀)ဦးတို့အား တစ်ရွာလျှင် ရန်ပုံငွေ ကျပ်သိန်း ၃၀၀ စီဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၆၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် နန်းကွေ့ကျေးရွာ နယ်မြေ(၆)မှ တောင်သူ ဦးမုန်မြင့်က  “ကိုဗစ်ကြောင့် ငွေရေးကြေးရေးခက်ခဲတဲ့ အချိန်ကာလမှာ နိုင်ငံတော်အစိုးရကနေ ငွေကြေးထောက်ပံ့ပေးတဲ့အတွက် မွေးမြူရေးတောင်သူများအနေဖြင့် အဆင်ပြေချောမွေ့သလို၊ အများကြီး အထောက်အကူပြုပါတယ်၊ ယခုလို နိုင်ငံတော်အစိုးရက ထောက်ပံ့သည့် အစီအစဉ်ကို နောင်လာမည့်နှစ်တွေ မှာလဲ ဆက်လက်ပြီး ထောက်ပံ့ပေးသွား မယ်ဆိုရင် ငါးမွေးမြူရေးအပြင် အခြား နွား၊ ဝက်မွေးမြူရေး ကဏ္ဍတွေမှာ ဒီထက်ပိုမိုတိုးတက် လာမည်ဟု ယုံကြည်ပါတယ်၊ ဆက်ပြီးတော့လည်း ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောပြသည်။

ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ယနေ့ လွှဲပြောင်းပေးအပ် သည့် မြစ်ကြီးနားမြို့နယ်မှ ကျေးရွာ(၂)ရွာအပါအဝင် ဝိုင်းမော်မြို့နယ်တွင် စန်ကားကျေးရွာ၊ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၊ မန်နောင်ကျေးရွာနှင့် ရွှေကူမြို့နယ် ကျွန်တော်ကျေးရွာ စသည့် ကျေးရွာပေါင်း (၅)ရွာတွင် ရန်ပုံငွေကျပ် တစ်ရွာလျှင်သိန်း ၃၀၀ နှုန်းဖြင့် စုစုပေါင်း ရန်ပုံငွေကျပ်သိန်း ၁၅၀၀ ကို လွှဲပြောင်းပေးအပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)