သတင်းများ

ပျော်ဘွယ်မြို့နယ်တွင် ဒီဇင်ဘာအားကစားလ ဒုတိယပတ် စုပေါင်းလမ်းလျှောက်ခြင်းကျင်းပ
Dec 10,2022
ပျော်ဘွယ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်(၆)နာရီမှ စတင်ကာ စုပေါင်းလမ်းလျှောက်ခြင်း ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် ဒီဇင်ဘာ အားကစားလ(ဒုတိယ)ပတ် စုပေါင်းလမ်းလျောက်ပွဲကျင်းပ
Dec 10,2022
စစ်ကိုင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယ)ပတ် စုပေါင်းလမ်း လျောက်ပွဲကို ဒီဇင်ဘာ(၁၀၀ရက်၊ နံနက်(၅)နာရီ(၄၅)မိနစ်က စစ်ကိုင်းမြို့ ရွှေမင်းဝံ ပန်းခြံရှေ့တွင် စုရပ်သက်မှတ် ၍ စုပေါင်းလမ်းလျောက်ခဲ့ကြသည်။
မုဒုံမြို့တွင် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးနှင့် မေးခွန်းများဖြေဆိုခြင်း ကျင်းပ
Dec 10,2022
၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်း ကျောင်းသား/သူများအား ကျန်းမာရေးအတွက် မေးခွန်း (၁၀၀) ဖြေဆိုခြင်းနှင့် အသိပညာပေးခြင်း ဟောပြောပွဲကို ယမန်နေ့က  အ.ထ.က (၃) စာသင်ကျောင်း၌ ကျင်းပသည်။
မရမ်းကုန်းမြို့နယ်တွင် ဒီဇင်ဘာလ (ဒုတိယပတ်) လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲပြုလုပ်
Dec 10,2022
ရန်ကုန်တိုင်း​ဒေသကြီး၊​ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ဒီဇင်ဘာလ (ဒုတိယပတ်) လူထုလှုပ်ရှား အားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်း လျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီ ၃၀ နာရီအချိန်က အမှတ်(၅)ရပ်ကွက် ပြည်​ထောင်စု​ကျောင်းလမ်းစုရပ်မှ စတင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်​နေပြည်သူ များက လမ်းလျှောက် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
လက်ပံတန်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေးသင်တန်း ဖွင့်လှစ်
Dec 10,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လက်ပံတန်းမြို့နယ်၏ ကျေးရွာ (၁၀) ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း(၁/၂၀၂၂)ကို လက်ပံတန်းမြို့နယ် ဂုံညင်းတန်းကျေးရွာအုပ်စုတွင် ဖွင့်လှစ်ပို့ချခဲ့သည်။
ကန်ကြီးထောင့်မြို့ ဟွာမှုန်အထည်ချုပ်စက်ရုံအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြ
Dec 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ အမှတ်(၄) ရပ်ကွက်ရှိ ဟွာမှုန်အထည်ချုပ် စက်ရုံ အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့ သရုပ်ပြခြင်းကို ယမန်နေ့ နံနက်က အဆိုပါ စက်ရုံအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့၌ လူထုလမ်းလျှောက်ပွဲနှင့် ကိုယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ စုပေါင်း ဆောင်ရွက်
Dec 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အားကစားနှင့် ကာယပညာ ဦးစီးဌာနက တစ်မျိုးသားလုံး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီက ခရိုင်ပြည်သူ့ဆေးရုံရှေ့က စတင်၍ မြို့တွင်း လမ်းမများ တစ်လျှောက်တွင် စုပေါင်းလမ်းလျှောက်ပွဲကို ဆောင်ရွက်ခဲ့သည်။