မြေပုံမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာစံလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မြေပုံ ဒီဇင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေပုံမြို့၊ သဲတန်းရပ်ကွက်ရှိ ဆရာစံလမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က  ၎င်းလမ်းမကြီး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်တီးခတ်၍ ဖွင့်လှစ်ပြီး မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးခင်မောင်ဌေးက လမ်းသစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ၌ ယခုကွန်ကရစ် လမ်းသစ်သည် အရှည်(၄၀၀)ပေ၊ အကျယ်(၁၆)ပေ၊ အမြင့်(၈)လက္မ ကွန်ကရစ် လမ်းသစ်ဖြစ်ကြောင်း၊ ခွင့်ပြုငွေ (၂၃.၈၅)ကျပ်သန်းဖြင့် ဆန်းလခြမ်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် ပြီးစီး၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ မြေပုံမြို့နယ် စည်ပင်သာယာနယ်နမိတ်အတွင်း ၂၀၂၂-၂၀၂၃ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည် နယ်စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုငွေ (၃၉၇.၃၈၀) ကျပ်သန်းဖြင့် ဆောင်ရွက်ဆဲလုပ်ငန်း(၁၅)ခုမှာ (၇၅)ရာ ခိုင်နှုန်းပြီးစီးပြီး ဖြစ်ပါကြောင်း၊ မြေပုံမြို့နယ်၊ စဉ်ပင်သာယာရေးနယ်နမိတ်အတွင်း ကွန်ကရစ်လမ်းများမှာ (၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါကြောင်းနှင့် လာမည့်ဘဏ္ဍာနှစ်များတွင်လည်း ကျန်ကွန်ကရစ်လမ်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး စီမံကိန်း(Plan) ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း ရှင်းလင်းဆွေး နွေးသည်။ ထို့နောက် သဲတန်းရပ်ကွက်နေ မြို့မိ/မြို့ဖ ဦးကျော်ဇံကအထူး ဝမ်းမြောက်ကြောင်း ကျေးဇူးတင်စကား ပြောကြားသည်။

ဆရာစံလမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အမှတ်(၃)စစ်ဗျူဟာအဖွဲ့၊ ဗျူဟာမှူး ဗိုလ်မှူးကြီးမျိုး ညွန့်ဦး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခိုင်လင်းနိုင်နှင့် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ  ဦးခင်မောင်ဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်မိ/ရပ်ဖများ၊ ဆန်းလခြမ်းကုမ္ပဏီမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရှိရသည်။

တင်ဝင်း