သတင်းများ

မြို့သစ်တွင် အသိပညာပေးဟောပြောပွဲကျင်းပ
Dec 12,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့က မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းခွဲသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ပန်းတောင်းမြို့နယ်တွင် အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)၏ စက်မှုကျွမ်းကျင် (၂)နှစ်သင်တန်း အမှတ်စဉ်(၃၉) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Dec 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)၏ စက်မှုကျွမ်းကျင် (၂)နှစ်သင်တန်း အမှတ်စဉ်(၃၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် (Grade5) သင်ရိုးသစ်  စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Dec 12,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာမူလတန်း အဆင့် (Grade-5) သင်ရိုးသစ် စာမေးပွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက  အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ပေါက်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကွင်းဆင်းစစ်ဆေး
Dec 12,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာဈေး၌ ဈေးဆိုင်ခန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။
လောင်းလုံးမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်စကားဝိုင်း ကျင်းပ
Dec 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ-ထ-က၊ လောင်းလုံး ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပဲခူးမြို့၌ သာသနာလင်္ကါရအကျော်စာမေးပွဲတွင် အောင်မြင်တော်မူကြကုန်သော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဘွဲ့လက်မှတ်ဆပ်ကပ်ပူဇော်ပွဲနှင့် စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Dec 12,2022
ပဲခူးမြို့ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှ ကြီးမှူးကျင်းပသော သာသနာလင်္ကါရအကျော်စာမေးပွဲတွင်  အောင်မြင်တော်မူကြကုန်သော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဘွဲ့လက်မှတ်ဆပ်ကပ်ပူဇော်ပွဲနှင့် စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဗုဒ္ဓအသံဓမ္မဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဥပဒေချုပ် ဦးခင်မောင်တင့်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားပြိုင်ပွဲများကျင်းပ
Dec 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊‌ ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်စေရန် ဒီဇင်ဘာအားကစားလအတွင်း အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်က အထက်တန်းကျောင်း ဘောလုံးကွင်းပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးနိုင်မှု ၃၀၄၈၉၀ ဦးထိုးပေးနိုင်ပြီ ဖြစ်ကာ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းထိုးပြီးသူ ၁၆၂၅၉ ဦးထိုးပေးပြီးဖြစ်
Dec 12,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ဦးထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။