သတင်းများ

မိုင်းဖြတ်မြို့နယ်၊ အင်ပါဟုန်း(အောက်)ရွာ၌ အသက်မွေးဝမ်းကျောင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပူးပေါင်းဆောင်ရွက်
Dec 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီက တောညုကျေးရွာအုပ်စု၊ အင်ပါဟုန်း(အောက်)ရွာရှိ ဘုရားကျောင်း၌ ပူးပေါင်းကွင်းဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ ကွမ်းသီးအထွက်နှုန်းများ၍ စျေးကောင်းရရှိရန် မျှော်လင့်
Dec 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံ လုပ်ကိုင်နေသူများနှင့် တောင်ယာလုပ်ကိုင်သူများသည် နှစ်ရှည်အပင်များနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးကြရာ နှစ်ရှည်အပင်အဖြစ် ကွမ်းသီးအထွက်နှုန်းများသော ကာလကို ရောက်ရှိလာ၍ ကွမ်းသီးအလုံးနှင့် အခြမ်းများ ရောင်းချရာမှ စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိသည်။
ရွှေတောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကာယစွမ်းရည်ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ
Dec 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က အနာဂတ် မျိုးဆက်သစ် ကျောင်းသားလူငယ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကာယစွမ်းရည် ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံ အသိပညာပေး Talk Show ဆောင်ရွက်
Dec 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက  ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်း နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ
Dec 12,2022
ရှမ်းပြည်နယ်‌ (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျောက်မဲမြို့ ခိုမုန်းကျေးရွာ၊ ထမ်လင်း‌ကျောင်း၌ ကျင်းပခဲ့​သည်။
ဆင်ပေါင်ဝဲမြို့နယ် အားကစားနှင့်ကာယာပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာအားကစားလှုပ်ရှားမှုတစ်ရပ်အနေဖြင့် အားကစားပြိုင်ပွဲများ ကျင်းပ
Dec 12,2022
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာအားကစားလှုပ်ရှားမှု အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစ၍ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပခဲ့သည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Dec 12,2022
 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍  အမျိုးသမီးများအကြမ်းဖက်မှုပပျောက်‌ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉)နာရီက လူထုအခြပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဖား​ဆောင်းမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ​ဒေ (၂၀၂၂ခုနှစ်)အရ​ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အ​ကောင်အထည်​ဖော်​ဆောင်ရွက်​ရေးလုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ
Dec 12,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်​သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ​ဒေ(၂၀၂၂ခုနှစ်)အရ ​ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ​အောင်မြင်စွာ အ​ကောင်အထည်​​ဖော်ရွက်နိုင်​ရေးလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​မန်​နေ့က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။