သတင်းများ

လိပ်သိုမြို့  လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲ ပြုလုပ်
Dec 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ “ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နေ့လည် ၁၁ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ “သက်ရှည်ကျန်းမာစေဖို့ လမ်းလျှောက်ကြပါစို့” ခေါင်းစဉ်ဖြင့် (Talk Show)ဆွေးနွေး
Dec 12,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဘိုးဘိုးဘွားဘွား၊ လူကြီးလူငယ်နှင့်ကလေးများ အသက်ရှည်စွာနေနိုင်ရေး “သက်ရှည်ကျန်းမာစေဖို့ လမ်းလျှောက်ကြပါစို့” ခေါင်းစဉ်ဖြင့် (Talk Show) ဆွေးနွေးမှုကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် လူရွေးချယ်ပွဲပြုလုပ်
Dec 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၂–၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် လူရွေးချယ်ပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ ပန်းတောဘော်လုံးကွင်းနှင့် မြို့မအားကစားကွင်းတို့တွင် ပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် အ‌‌ခြေခံလူတန်းစားမိဘပြည်သူများအတွက် ထမင်းဗူးများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Dec 12,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊၄၅လမ်း၊ အောင်သာယာရပ်ကွက်ဈေးတွင် ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံလူတန်းစား မိဘပြည်သူများစား၀တ်နေရေး အဆင်ပြေချောမွေ့စေရန်အတွက် ထမင်းတစ်ဗူးလျှင်၅၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်း အစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လဲချားတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Dec 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီ အချိန်က ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Dec 12,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာတွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများအား အချိုးကျကိုယ်စားပြုစနစ် (PR System) အား တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်
Dec 12,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်များနှင့် မြိုနယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများပါ၀င်သည့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အချိုးကျကိုယ်စားပြုစနစ် (PR System)အား တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
နမ့်စန်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်ပေါင်းစုံ အလွတ်တန်း ဘောလုံးပြိုင်ပွဲအုပ်စု မဲနှိုက်ရွေးချယ်
Dec 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်ပေါင်းစုံအလွတ်တန်း အမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စုခွဲမဲနှိုက်ရွေးချယ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်မှတာဝန်ရှိသူများ၊ နမ့်စန်ခရိုင်၊ လင်းခေးခရိုင်၊ လွိုင်လင်ခရိုင်နှင့် မိုင်းရှူးခရိုင် ရှိမြို့နယ်များမှ မြို့နယ်အား/ကာမှူးများ၊ အသင်း အုပ်ချုပ်သူနှင့်နည်းပြများ တက်ရောက်ခဲ့ကြသည်။