ပန်းတောင်းမြို့နယ်တွင် အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)၏ စက်မှုကျွမ်းကျင် (၂)နှစ်သင်တန်း အမှတ်စဉ်(၃၉) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)၏ စက်မှုကျွမ်းကျင် (၂)နှစ်သင်တန်း အမှတ်စဉ်(၃၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ သင်တန်းဆင်း အမှာစကားပြောကြား၍ ဘာသာရပ်အလိုက် ထူးချွန်ဆုရ သင်တန်းသား/ သင်တန်းသူများကို ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်၊ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဌေးနှင့် တာဝန်ရှိသူများမှ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက်သင်တန်းကျောင်း၏ သမိုင်းကျောင်းနှင့် သင်တန်းအမှတ်စဉ်(၃၉)၏ (၂)နှစ်တာလှုပ်ရှားမှု Activities Viedo Clip အားပြသခဲ့ပြီး ထူးချွန်ဆုရကျောင်းသားများနှင့် ခန်းမအတွင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းနှင့် သုံးထပ်ဆောင် ဒုတိယထပ်တွင် ခင်းကျင်းပြသထားသော သင်တန်းဆင်း သင်တန်းသား/ သူများ၏ သင်တန်းဆင်း Project များအားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)