မိုင်းလုံ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်စေရန် ဒီဇင်ဘာအားကစားလအတွင်း အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်က အထက်တန်းကျောင်း ဘောလုံးကွင်းပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲများကို (KG မှ Grade-8) အတန်းထိ ကျောင်းသား၊ ကျောင်းသူများကို ဖိနပ်ရွေးပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ဇီးသီးဇွန်းကိုက်ပြိုင်ပွဲ၊ မီတာ (၅၀ နှင့် ၁၀၀)ပြေးပြိုင်ပွဲ၊ ကျွဲမောင်းပြေးပြိုင်ပွဲ၊ မီးထွန်းပြေးပြိုင်းပွဲ၊ လက်ဆင့်ကမ်းပြိုင်ပွဲ၊ ဇီးသီးတူကိုင်ပြေးပြိုင်ပွဲနှင့် ပူဖောင်းပုတ်ပြေးပြိုင်ပွဲများကို ယနေ့နေ့ချင်းပြီး ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အကြောင်းကို ကျောင်းအုပ်ဆရာမကြီးထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)