ပေါက်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကွင်းဆင်းစစ်ဆေး

ပေါက်တော   ဒီဇင်ဘာ  ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာဈေး၌ ဈေးဆိုင်ခန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးမျိုးမင်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာစျေးရှိ စျေးဆိုင်ခန်းများအတွင်း မီးဘေးလုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊မီးသတ်ဆေးဘူးများစနစ်တကျပြင်ဆင်ထားရှိမှု(လေပေါင်)ရှိ/မရှိ စစ်ဆေးခြင်းနှင့်မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များ အား သွားရောက်အကြံပြုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်ခင်ခင်မေနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)