မော်လမြိုင် ဒီဇင်ဘာ ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာမူလတန်း အဆင့် (Grade-5) သင်ရိုးသစ် စာမေးပွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မော်လမြိုင် ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာက အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြများက (Grade-5) သင်ရိုးသစ်အတွက် မြန်မာစာ၊အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံဘာသာရပ်စာမေးပွဲဆိုင်ရာ အချက်အလက်များကို ကဏ္ဍအလိုက် သင်ကြား ဆွေးနွေးပို့ချပေးခဲ့ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် နည်းပြ(၅)ဦးတို့က ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ပြီး မော်လမြိုင်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် (Grade-5) သင်ကြားပေးနေကြသော ဆရာ၊ ဆရာမ စုစုပေါင်း (၃၅၁)ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်စန်းမြင့်ခရိုင်(ပြန်/ဆက်)