ညောင်ဦး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ဦးထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာများတွင် ကိုဗစ်ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု ၃၀၄၈၉၀ဦး ထိုးပေးနိုင်ခဲ့ပြီး ရာနှုန်းပြည့် ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၆၂၅၉ ဦးထိုးနှံ ပေးခဲ့ပြီဖြစ်ကြောင်း ဆက်လက်ထိုးပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကြေးမုံ