သတင်းများ

ညောင်ဦးမြို့နယ် သူကောင်းတည်ကျေးရွာအုပ်စု၊ လက်ပံခြေပေါ်အုပ်စုနှင့်သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုမှ ပြောင်းဖူးစိုက်ပျိုးတောင်သူများ တစ်နှစ်ပတ်လုံးပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ
Dec 12,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်ကျေးရွာအုပ်စု၊လက်ပံခြေ ပေါ်အုပ်စုနှင့်သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံ သွားကားလမ်းမကြီး ဘေးဝဲ/ယာတွင် တည်ရှိကာ ဒေသခံကျေးရွာများရှိတောင်သူများသည် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချခြင်းဖြင့် ဝင်ငွေကောင်းနေကြကြောင်း ဦးမောင်ညို၊ တောင်ဖက်တန်းကျေးရွာ ပြောင်းဖူးစိုက်ပျိုးတောင်သူထံကသိရသည်။
စမ်းချောင်းမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်   ၄၆/၂၀၂၂  ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Dec 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့နယ်လူမှုရေး‌အသင်းအဖွဲ့များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၆/၂၀၂၂ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကို ရှင်းလင်းခြင်းအစည်းအဝေး  ကျင်းပခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်
Dec 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက က Mobile Library ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်၌ ဆောင်းသီးနှံများစိုက်ပျိုးရာသီတွင် ကုလားပဲ ၃၉၃၇   ဧက စိုက်ပျိုးပြီးစီး
Dec 12,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ကုလားပဲ ၃၉၃၇ ဧကကို စိုက်ပျိုးထားရှိပြီးဖြစ်ရာ ပဲစိုက်ခင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင်  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ
Dec 12,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူ ကျေးရွာခန်းမ၌ ကျင်းပသည်။
နောင်တရားမြို့၌ ဆီထွက်သီးနှံ နှမ်းလုံး စတင်ရိတ်သိမ်း
Dec 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းလုံးများကို စတင်ရိတ်သိမ်းလျက် ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ပိုမိုမြင့်မား‌စေရေး တပ်ကုန်းမြို့ ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Dec 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူ များ အသိပညာဗဟုသုတပိုမိုမြင့်မားရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက  ဗိုလ်မင်းရောင် အခြေခံပညာအထက်တန် းကျောင်း(ခွဲ)၊ ကံ့​ကော်စာသင်ဆောင်၌ ကျင်းပသည်။
သိန္နီမြို့တွင် ကျောင်းခြေပြုကြက်ခြေနီသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Dec 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ကျောင်းအခြေပြုကြက်ခြေနီ သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။