နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်

နောင်ချို ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ  စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက က Mobile Library ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများအတွက် အပတ်စဉ် Mobile Library ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်

(ပြန်/ဆက်)