သိန္နီ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ကျောင်းအခြေပြုကြက်ခြေနီ သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ဒုမြို့နယ်ပညာရေးမှူး ဦးကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်ဆိုင်ခေါန်က သင်တန်းဖွင့်လှစ်ရသည့် အကြောင်းအရင်းအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေစင်ခန်းမတွင် ဒီဇင်ဘာလ (၉) ရက်မှ (၁၁) ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (၃) ရက်တာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သိန္နီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၄၄) ဦး တက်ရောက် သင်ကြားခဲ့ကြသည်။ အခြေခံပညာကျောင်းများတွင် အရေးကြုံလာပါက ကျန်းမာရေး စောင့်ရှောက်မှုများ လက်တွေ့အသုံးပြု ဆောင်ရွက်နိုင်ရေးအတွက် အခြေခံရှေးဦးပြုစုခြင်း သင်တန်းအား ပညာရေးဌာနနှင့်ပူးပေါင်းကာ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီအသင်းမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)