တပ်ကုန်း ဒီဇင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ များ အသိပညာဗဟုသုတပိုမိုမြင့်မားရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဗိုလ်မင်းရောင် အခြေခံပညာအထက်တန် းကျောင်း(ခွဲ)၊ ကံ့ကော်စာသင်ဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ် ချက်နှင့်ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာပညာရပ်များသာမက ပြင်ပစာအုပ်၊ စာပေများ လေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေပြီး၊ နိုင်ငံနှင့် လူမျိုးအကျိုးသယ်ပိုးစွမ်းဆောင်နိုင်သူများ ဖြစ်လာစေရေးအတွက် ကျင်းပဆောင်ရွက်ရခြင်းဖြစ် ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်၍ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ Grade-8 နှင့် Grade -9 ကျောင်းသူလေးဦးတို့က “လူငယ်နှင့်မူးယစ်ဆေးဝါး”၊ “လူငယ်နှင့်စာပေ”၊ "လူငယ်နှင့်စာရိတ္တ”၊ “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်တို့ဖြင့် ဖတ်ရှုလေ့လာထားသည့် အတွေ့အကြုံများ၊ အတွေး အခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေး၍လည်းကောင်း၊ အစီအစဉ်တင်ဆက်သူ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးစီးအရာရှိနှင့်အတူ မျှဝေဆွေးနွေးသည့် ကျောင်းသူလေးဦးတို့က ပြန်လည်ဖြေကြားပေးခဲ့သည်။
အခမ်းအနားသို့ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀) ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
တင်စိုးလွင်