စမ်းချောင်းမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်   ၄၆/၂၀၂၂  ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

စမ်းချောင်း  ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယမန်နေ့ မွန်းလွဲ()နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့နယ်လူမှုရေး‌အသင်းအဖွဲ့များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၆/၂၀၂၂ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကို ရှင်းလင်းခြင်းအစည်းအဝေး  ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဦးဝင်းနိုင်တို့က  ရပ်ကွက် အုပ်ချုပ်ရေးမှူးများ မြို့နယ်လူမှုရေးအသင်းအဖွဲ့ (၁၃) ဖွဲ့တို့အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြဌာန်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၆/၂၀၂၂ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကို Power point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးကို ညနေ ၄နာရီတွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

နီလာစိုး (ပြန်/ ဆက်)