ပိုင်ကျုံ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အငယ်တန်းစာရေးဒေါ်အိသံချိုက Talk Show ဆွေးနွေးပွဲ ကျင်းပြပုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ရှေးယခင်က လူမျိုးအသီးသီးတို့၏ အချိန်ကာလ ခွဲခြားသတ်မှတ်ပုံ၊ ရှေးယခင်ကတည်းက ကရင် တိုင်းရင်းသားလူမျိုးတို့၏ ကရင်နှစ်သစ်ကူးနေ့ ကျင်းပပုံ၊ ကရင်နှစ်သစ်ကူးနေ့ကို တသမတ်တည်းကျင်းပနိုင်ရေးအတွက် ကရင်အမျိုးသားခေါင်းဆောင်ကြီးတို့၏ ကြိုးပမ်း အားထုတ်ပုံများစသည့် အသိပညာပေးအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟဟိုဌာနတွင် အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကို အသိပညာပေး(Talk Show)ဆွေးနွေးပွဲအဖြစ် လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
နော်ခူးခူး(ပြန်/ဆက်)