ဖားဆောင်း ဒီဇင်ဘာ ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ(၂၀၂၂ခုနှစ်)အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအောင်မြင်စွာ အကောင်အထည်ဖော်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ(၂၀၂၂ခုနှစ်)အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဖားဆောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ကျော်ထင်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ(၂၀၂၂ခုနှစ်) ပြဌာန်းရခြင်း၏ အဓိကအကြောင်းတရားများ၊ (၂၀၁၄ခုနှစ်မှ၂၀၂၂ခုနှစ်) အထိ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအကြောင်း၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များ ဆိုင်းငံ့ထားရှိမှု၊ သိရှိထားသင့်သည့်ပြဌာန်းချက်များ၊ သတိပြုရမည့်ပုဒ်မများအကြောင်း၊ ၂၀၁၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ (အခန်း-၈)၊ ၂၀၁၄ခုနှစ်အသင်းအဖွဲ့ဥပဒေအရမှတ်ပုံတင်ခွင့်ပြုခဲ့သည့် အသင်းအဖွဲ့များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့်ဌာနဆိုင်များနှင့်လူမှုကူညီရေးအသင်းအဖွဲ့များက(၂၀၂၂ခုနှစ်) အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်ထင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)