ရေဦး ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာအားကစားလှုပ်ရှားမှု အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစ၍ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဒီဇင်ဘာ အားကစားလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း(၁၄၆)ကျောင်းမှ မူလတန်း၊ အလယ်တန်း အထက်တန်း အဆင့်ကျောင်းသား ကျောင်းသူများမှ မီတာ ၁၀၀/ ၂၀၀/ ၄၀၀/ ၈၀၀/ ၁၅၀၀ အပြေးပြိုင်ပွဲများ၊ အမျိုးသားအမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲများ၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲနှင့် လှံပစ်ပြိုင်ပွဲများ၊ အမျိုးသား အမျိုးသမီး အမြင့်ခုန်နှင့် အလျားခုန်ပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲ အသီးသီးတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအလိုက် ပထမ ဒုတိယ တတိယဆု ရရှိသူများကို ဒီဇင်ဘာတတိယပတ်တွင် ဆုများပေးအပ်ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)