မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မြစ်သား    ဒီဇင်ဘာ  ၁၂

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍  အမျိုးသမီးများအကြမ်းဖက်မှုပပျောက်‌ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉)နာရီက လူထုအခြပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာအောင်က အမျိုးသမီးများရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်မှုအန္တရာယ်မှပပျောက်ရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ရခြင်းကို ရှင်းလင်းပြီး   မြို့နယ်အမျိုးသမီးရေးရာ အတွင်းရေးမှူး  ဒေါ်ထွန်းထွန်းမော်(တရားလွှတ်တော်ရှေ့နေ)နှင့် အဖွဲ့ဝင်ဒေါ်တင်စိန်တို့က အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုမရှိစေရေးအတွက်ကျား၊ မတန်းတူအခွင့်အရေးညီမျှမှုရှိရေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများအခွင့်အရေးမြှင့်တင်ဖော်ဆောင်သည့် လုပ်ငန်းစဥ်များ၊ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် မိမိတို့အသင်းအဖွဲ့အနေဖြင့် ဆောင်ရွက်ရသည့် အသိပညာပေးလုပ်ငန်းများနှင့် ဘဝ ရပ်တည်မှုဆိုင်ရာ ကူညီစောင့်‌ရှောက်ရေးလုပ်ငန်းတို့ကို အကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

  ရဲနိုင်ဦး(မြစ်သား)